ပီရူးနိုင်ငံတွင် ဝေလငါးကြီးတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိရပြီး ထိုဝေလငါးကြီးမှာ ကမ္ဘာမြေ၏ သမိုင်းတွင် အကြီးဆုံး တိရိစ္ဆာန် ဖြစ်နိုင်ကြောင်း သိရသည်။
မျိုသုဥ်းပျောက်ကွယ်သွားပြီဖြစ်သော Perucetus ဟုခေါ်သည့် ကမ္ဘာဦးခေတ် ဝေလငါးကြီးတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဩဂုတ်လ (၂) ရက်နေ့တွင် ပြောသည်။
ထိုဝေလငါးအမျိုးအစားမှာ လွန်ခဲ့သည့် နှစ်ပေါင်း (၃၈) သန်းမှ သန်း (၄၀) ခန့် Eocene Epoch ခေတ်ကာလတွင် ရှင်သန်နေထိုင်ခဲ့ကြပြီး ကမ္ဘာ့အရှည်ဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခဲ့သည်။
ပီရူးတွင် ကျောက်ဖြစ်ရုပ်ကြွင်း တူးဖော်တွေ့ရှိခဲ့သည့် Perucetus ဝေလငါးကြီးမှာ အရှည် (၆၆) ပေခန့် (၂၀ မီတာ) နှင့် အလေးချိန် (၃၄၀) မက်ထရစ်တန်အထိရှိကြောင်း သုတေသီများက ခန့်မှန်းခဲ့ကြသည်။
ထိုဝေလငါးကြီး၏ အရွယ်အစားမှာ ယနေ့ခေတ် အပြာရောင် ဝေလငါးနှင့် အကြီးဆုံး ဒိုနိုဆောတို့ အပါအဝင် အခြား သိရှိထားသော တိရိစ္ဆာန်မှန်သမျှထက် ပို၍ကြီးမားသည်။
ဝေလငါးကြီး၏ သိပ္ပံအမည်မှာ "colossal Peruvian whale" ဖြစ်သည်။
အကြီးဆုံးအဖြစ် သိရှိထားသော အပြာရောင် ဝေလငါးမှာ အရှည် (၁၁၀) ပေ (၃၃.၄ မီတာ) ရှိပြီး Perucetus ထက် ပို၍ ရှည်လျားသော်လည်း အလေးချိန်မှာ တန် (၁၉၀) ခန့်ဟု ဆိုသည်။
Source: Reuters, AP
Photo: REUTERS/Sebastian Castaneda, ERNESTO BENAVIDES/GETTY IMAGES, Martin Mejia / AP, Giovanni Bianucci / AP file