ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် ယနေ့ ဇွန်လ(၇)ရက်နေ့၊ နံနက်(၉)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သား ကလေးတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရကြောင်း သိရသည်။
စစ်ကောင်စီ၏ လှိုင်ဝအမြောက်တပ်မှ (၁၂၀)မမ လက်နက်ကြီးနှစ်လုံးဖြင့်ပစ်ခတ်ရာ မိသားစုဝင်(၃)ဦးအနက် (၁၂)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး၊ (၄)နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ(၆)ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်(၄)လုံးပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးကာ နေအိမ်များပျက်စီးနေရသည်။
#TachileikNewsAgency
Photo : ဒူးပလာခရိုင် သတင်းနှင့်ပြန်ကြားရေး
ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ
Featured News
ဧပြီ 24, 2025
ဧပြီ 23, 2025
ဧပြီ 14, 2025
ဧပြီ 10, 2025