အထီးကျန်နိုင်ငံ မြောက်ကိုရီးယား၏ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုးဆိုးရွားသည့် အခြေအနေဖြစ်လာကြောင်း ကျွမ်းကျင်သူများ သုံးသပ်

အထီးကျန်နိုင်ငံ မြောက်ကိုရီးယား၏ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုးဆိုးရွားသည့် အခြေအနေဖြစ်လာကြောင်း ကျွမ်းကျင်သူများ သုံးသပ်
By Mr John

 မြောက်ကိုရီးယားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများရှိခဲ့နိုင်ကြောင်း သတင်းရင်းမြစ်များ၏ ယူဆပြောဆိုမှုနှင့်အတူ အထီးကျန်နိုင်ငံ၏ ကာလရှည်ကြာ စားနပ်ရိက္ခာပြတ်လပ်မှုကို စိုးရိမ်ပူပန်မှုများ တိုးလာသည်။ 

မြောက်ကိုရီးယားတွင် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း စားနပ်ရိက္ခာပြတ်လပ်မှု အဆိုးဆုံး ကြုံတွေ့နေရကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

"Arduous March" ဟု သိထားကြသည့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြောက်ကိုရီးယားတွင် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့်  နိုင်ငံ၏  ခန့်မှန်းခြေ လူဦးရေ သန်း (၂၀)တွင် (၃) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်း သေဆုံးခဲ့ကြောင်း သိရသည်။ 

ကုန်သွယ်မှုအချက်အလက်များ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် ကုလသမဂ္ဂနှင့် တောင်ကိုရီးယားအာဏာပိုင်းများ၏ အကဲဖြတ်မှုတို့အရ ယခုအခါ မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာထောက်ပံ့မှုမှာ လူသားများ အနိမ့်ဆုံး လိုအပ်ချက်အောက် လျော့နည်းနေကြောင်း Peterson Institute for International Economics မှ သုတေသန လေ့လာဆန်းစစ်သူ Lucas Rengifo-Keller က ပြောသည်။

COVID-19 ကပ်ရောဂါကြောင့် နယ်စပ်များကို (၃) နှစ်ကြာ ပိတ်ထားခဲ့ပြီး သီးခြားခွဲနေခဲ့ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။ 

ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်း‌ဆောင် ကင်မ်ဂျုံအန်က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးရန် အလုပ်သမားပါတီ၏ (၄) ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းက အခြေအနေ မည်မျှဆိုရွားလာကြောင်း လဏ္ခဏာတစ်ရပ်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။



Source: CNN