ကော့ကရိတ်မြို့နယ်အတွင်း အာဏာသိမ်းတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် (၄)ဦးကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိ

ကော့ကရိတ်မြို့နယ်အတွင်း အာဏာသိမ်းတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် (၄)ဦးကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိ
မတ် 15, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မောခီးတွင် ၂၀၂၂ ခုနှစ် မတ်လ(၁၃)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၄)ဦးကို KNLA နှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားကြောင်းသိရသည်။

မောခီးမှ ဝေါ်လေဘက်သို့ထွက်လာသည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၅)နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂)မှ  ဒုစစ်ကြောင်းမှူး နှစ်ဦးအပါအဝင် ၎င်းတို့ကို လုံခြုံရေး လိုက်ပါရယူပေးသည့် တပ်သား (၂) ဦးကို KNLA တပ်ရင်း(၂၀၁)နှင့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ခမရ-၅၅၅ မှ ဒုစစ်ကြောင်းမှူး ဇေယျာမင်းနှင့် ၎င်း၏ ကိုယ်ရံတော်အဖြစ်လိုက်ပါလာသူ ဒုတပ်ကြပ်ချစ်သူ၊ ခလရ-၃၂ မှ စခန်းမှူး ဗိုလ်ကြီးတစ်ဦးနှင့် ကိုယ်ရံတော်တပ်သားတစ်ဦးအပြင် ၎င်းတိုနှင့်လိုက်ပါလာသည့် ဒေသခံနှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်း တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအဆင့်အပါအဝင် (၂၇)ဦးကိုလည်း မတ်လ (၁၁)ရက် KNU တပ်မဟာ (၅) နယ်မြေအတွင်း လက်နက်ခဲယမ်း အမြောက်အများဖြင့် ဖမ်းဆီးရမိထားခြင်းဖြစ်သည်။