စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ မီးရှို့မှုကို ခံရသည့် ရွာများမှ စစ်ဘေးရှောင်များကို အောင်ဆန်းတပ်ဖွဲ့က ရိက္ခာမျှဝေ

Photo: Aung San Force-A.S.F
Photo: Aung San Force-A.S.F
စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ မီးရှို့မှုကို ခံရသည့် ရွာများမှ စစ်ဘေးရှောင်များကို အောင်ဆန်းတပ်ဖွဲ့က ရိက္ခာမျှဝေ
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ တပ်များ  ရွာမီးရှို့ဖျက်ဆီးသွားသည့်  စစ်ကိုင်းတိုင်း၊ ပုလဲနယ်၊ လှော်ကားရွာ၊ မွှေ့တုံရွာ၊ ပန်းရွာတို့မှ စစ်ဘေးသင့်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အောင်ဆန်းတပ်ဖွဲ့က ရိက္ခာနှင့် အဝတ်အစားများအား ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က သွားရောက်မျှဝေပေးကြကြောင်း ဖေဖော်ဝါရီလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ဘေးသင့်ပြည်သူများအား အောင်ဆန်းတပ်ဖွဲ့၏ ဆေးတပ်ဖွဲ့ကလည်း ကျန်းမာရေးစောင့်ရှောက်မှုများပါ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ဟာ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများဖြစ်တဲ့အတွက် ပြည်သူများ ဒုက္ခရောက်ခြင်းဟာ ကျွန်‌တော်တို့ ဒုက္ခရောက်ခြင်းပါ။"ဟု အောင်ဆန်းတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တနိုင်ငံလုံးရှိ ပြည်သူများအနေဖြင့်လည်း မည်သည့်ဒေသက စစ်ဘေးဒုက္ခသည်ဖြစ်စေ ကူညီစာနာမှုများပေးကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။