မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲ ပြုလုပ်ရာ စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲများက အရပ်ဝတ်များဖြင့် လုံခြုံရေးယူပေးထားသလို ထောက်ခံပွဲတွင် ပါဝင်သူများသည် တစ်ဦးလျှင် ကျပ်(၅၀၀၀)ရရှိသည်ဟု သိရသည်။
တပ်ထောက်ခံပွဲကို အရပ်ဝတ်တွေနဲ့ ခွေးတွေ စောင့်ပေးနေတယ်။ ထောက်ခံပွဲမှာ ပါဝင်တဲ့လူက (၂၀၀)ကျော်တယ် တစ်ဦးကို နေ့စားခ ကျပ်(၅၀၀၀)ပေးတယ်။
ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ထောက်ခံပွဲကို ဦးခင်ကိုလတ်က လူဦးရေ(၂၀၀)ဖြင့် ပြုလုပ်မည်ဟု မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့ထံ စာတင်ကာ ခွင့်ပြုချက်တောင်းပြီး ပြုလုပ်ရာ မြေပြင်တွင် သတ်မှတ်လူဦးရေထက် ကျော်လွန်နေသည်ဟု သိရသည်။
အချို့မြို့များတွင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွင် ပါဝင်သူများကို နေ့စားခအဖြစ် ကျပ်(၃၅၀၀)မှ ကျပ်(၅၀၀၀)အထိပေးသည်များရှိသလို နေ့စားခ မပေးဘဲ ထမင်းဗူးဝေသည်များလည်းရှိသည်ကို တွေ့ရသည်။