တမူးမြို့နယ် (၄)မိုင်စစ်ဆေးရေးဂိတ်အတွင်း စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စကစ တပ်ဘက်က  (၃)ဦးသေဆုံး

Photo: People's Defense Force - Tamu တပ်ရင်း-၄
Photo: People's Defense Force - Tamu တပ်ရင်း-၄
တမူးမြို့နယ် (၄)မိုင်စစ်ဆေးရေးဂိတ်အတွင်း စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စကစ တပ်ဘက်က  (၃)ဦးသေဆုံး
ဇန်နဝါရီ 27, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ (၄)မိုင်စစ်ဆေးရေးဂိတ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့အား  ဒေသကာကွယ်ရေးအဖွဲ့များက ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း တမူး PDF က သတင်းထုတ်ပြန်လာသည်။ 

ယင်းစစ်ဆေးရေးဂိတ်ကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)၊ ဗမာ့ကျောင်းသားအဖွဲအစည်း(BSO)၊ ပ.က.ဖ(တမူး)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ (၄)မိုင်စစ်ဆေးရေးဂိတ်သို့ လာရောက်ပူးပေါင်းသည့် ပျူစောထီးများအား အဆိုပါ ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီးများ အထိနာသွားသည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နောက်နောင်တွင်လည်း တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)၊ ဗမာ့ကျောင်းသားအဖွဲအစည်း(BSO)၊ ပ.က.ဖ(တမူး)တို့ပူးပေါင်း တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားရှိသည်။