လူ့အခွင့်အရေးချိုးဖေါက်နေသည့် အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးရာရောက်သည့် စီမံကိန်းမှ ဂျပန်ကုမ္ပဏီများ တာဝန်သိနှုတ်ထွက်ရန် တောင်းဆို

Photo: Justice For Myanmar
Photo: Justice For Myanmar
လူ့အခွင့်အရေးချိုးဖေါက်နေသည့် အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးရာရောက်သည့် စီမံကိန်းမှ ဂျပန်ကုမ္ပဏီများ တာဝန်သိနှုတ်ထွက်ရန် တောင်းဆို
ဒီဇင်ဘာ 21, 2021 | နိုင်ငံတကာသတင်း

လူ့အခွင့်အရေးချိုးဖေါက်နေသည့် အာဏာသိမ်းစစ်တပ်၏ မြေနေရာတွင် လုပ်ငန်းဆောင်ရွက်မည့် Y Complex လုပ်ငန်းစုံသုံး အဆင့်မြင့်အိမ်ယာစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီများ တာဝန်သိစွာ နှုတ်ထွက်ကြရန်  Human Rights Now၊ Japan Volunteer Center၊ Justice For Myanmar နှင့် Mekong Watch တို့ တောင်းဆိုလိုက်ကြသည်။

ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍ တရားမဝင်အာဏာသိမ်းထားသည့် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရေးထောက်ပံ့နေသည့် စစ်ထောက်ချုပ်ရုံး(ကကထောက်)ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံတို့က   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပြီးဖြစ်၍ အဆိုပါကုမ္ပဏီများအနြေဖင့် စစ်ထောက်ချုပ်ရုံးကို မြေငှားရမ်းခပေး၍ လုပ်ငန်းဆောင်ရွက်ခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖေါက်ရာရောက်သည်ဟု ထောက်ပြထားသည်။

Daiwa House Industry ၏ ကုမ္ပဏီခွဲ Fujita Corporation၊ Tokyo Tatemono တို့အပါအဝင် ဂျပန်ကုမ္ပဏီများနှင့်ဂျပန်အစိုးရ-ပုဂ္ဂလိက မတည် အခြေခံအဆောက်အဦးဆိုင်ရာရံပုံငွေဖြစ်သည့် Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) တို့သည် စစ်ထောက်ချုပ်ရုံးသို့ နှစ်စဉ်ငှားရမ်းခ အမေရိကန်ဒေါ်လာ (၁.၈) သန်းကျော် ပေးချေနေရခြင်းဖြစ်ကြောင်း သိရသည်၊

အဆိုပါ စီမံကိန်းမှာလည်း အာဏာသိမ်းပြီးကတည်းက လုပ်ငန်းရပ်ဆိုင်းထားရကြောင်းသိရသည်။