တောင်ကိုရီးယားနိုင်ငံ ချန်ဝမ်းမြို့မှ  ငြိမ်းချမ်းရေးအခမ်းအနားတွင် ကိုရီးယားအဆိုတော်များနှင့်အတူ ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါးက နွေဦးတော်လှန်ရေးသီချင်း ဂုဏ်ပြုသီဆို

တောင်ကိုရီးယားနိုင်ငံ ချန်ဝမ်းမြို့မှ  ငြိမ်းချမ်းရေးအခမ်းအနားတွင် ကိုရီးယားအဆိုတော်များနှင့်အတူ ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါးက နွေဦးတော်လှန်ရေးသီချင်း ဂုဏ်ပြုသီဆို
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

တောင်ကိုရီးယားနိုင်ငံ၊ ချန်ဝမ်းမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင်  ကိုရီးယားဗုဒ္ဓဘာသာအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ပပျောက်ရေးနှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေးအခမ်းအနားတွင် ကိုရီးယားအဆိုတော်များနှင့်အတူ ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )က မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဂုဏ်ပြုတေးသီဆိုခဲ့ကြောင်း သိရသည်။

ကိုရီးယားဗုဒ္ဓဘာသာ ဆရာတော်၊ ဆရာလေးများအပါအဝင် ပရိတ်သတ်များစွာ တက်ရောက်ကြသည့် အဆိုပါအခမ်းအနားတွင် တောင်ကိုရီးယားနိုင်ငံရောက် အသက် (၁၃) နှစ်အရွယ် ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )က  မြန်မာ့နွေဦးတော်လှန်ရေးဂုဏ်ပြုတေး မြန်မာ့နွေဦးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးသပိတ်ကို အပတ်စဉ် ဦးဆောင်ဆောင်ရွက်နေပြီး မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် တပည့်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အသက် (၁၃) နှစ်အရွယ် ကရင်တိုင်းရင်းသူ အဆိုတော် နော်မာသာထူးဝါး (Wanyiwah )

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မြန်မာ့နွေဦးတော်လှန်ရေးအား အခြားနိုင်ငံသားများ သိရှိစေရေးလုပ်ဆောင်မှုများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။