ဗိုလ်ချုပ် ဂွန်မော် အပါအဝင် Kachin Political Interim Coordination Team (KPICT) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီက တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကြားကာလသဘောတူစာချုပ်နောက်ပိုင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးအခြေအနေများ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်ဟု သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဘက်မှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ ဒေါ်ဖြူဖြူသင်း၊ မိုင်းလမင်းထွန်း နှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး KPICT ဘက်မှ ဥက္ကဋ္ဌ ဦးတူးရှန်၊အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊တွဲဘက်အတွင်းရေးမှူး ဦးခွန်းအောင် နှင့် ဗိုလ်ချုပ်ဂွန်မော် အပါအဝင် KPICT အဖွဲ့ဝင်များ တက်ရောက်ကြသည်ဟု သိရသည်။