ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ တိုက်ပွဲ(၂)ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၆၀)ကျော် သေဆုံး

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ တိုက်ပွဲ(၂)ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၆၀)ကျော် သေဆုံး
အောက်တိုဘာ 3, 2021

 စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း စတင်လိုက်သည့် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)၏   တိုက်ပွဲ(၂)ပွဲတွင်  အာဏာသိမ်း စစ်ကောင်စီတပ်ဖက်က (၆၀)ကျော် သေဆုံးသည်ဟု PRA က သတင်းထုတ်ပြန်လာသည်။

ပြည်သူ့တော်လှန်ရေး တပ်မတော် ( People Revolution Army - PRA)မှ စစ်မျက်နှာပြင် စတင်ဖွင့်ကြောင်း ကြေညာပြီးနောက်  ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့၏ တိုက်ပွဲ(၂)ပွဲတွင် အာဏာသိမ်းတပ်ဘက်က (၆၁)ဦး သေဆုံးခြင်း ဖြစ်ပြီး ညနေ(၃)နာရီကျော်အထိ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုလဲမြို့နယ် နဂါးမတောင်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် (၃၃)ဦး၊ နံနက်(၁၁)နာရီခွဲအချိန်က ဖြစ်ပွားသည့် နတ်ထိပ်(ပုံတောင်)တိုက်ပွဲတွင် (၂၈)ဦး စုစုပေါင်း (၆၁)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

စစ်တိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အင်အားများဖြည့်တင်းပြီး ကျေးရွာများအထိ ထိုးစစ်ဆင်နေသည့်အတွက် အင်တာနက်လိုင်များလည်း ဖြတ်တောက်ထားသည်။