အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါရုံး ဖွင့်ပွဲသို့ သမ္မတရုံးနိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း၊ အာဏာရပါတီ၏ လူငယ်အဖွဲ့"လူငယ်ကင်မ်ဒဲဂျွန်"ဥက္ကဌအီဒဲဆွန်း၊ တိုင်းရင်းဆေးဆရာဝန်များအဖွဲ့"KOMSTA"ခေါင်းဆောင် အီဆွန်းအွန်၊ခရီးထွက်နေသည့် ဘူဖြောင်းဒေသလွှတ်တော်အမတ် ဟုန်းယောင်ဖြိုကိုယ်စား အတွင်းရေးမှူး ကင်မ်ဂီဟွန်းနှင့် အခြားသော အလွှာအသီးသီး၏ ဧည့်သည်တော်များ တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းရင်းဆေးဆရာဝန်များအဖွဲ့"KOMSTA"မှ မြန်မာပြည်သူများအတွက် COVID 19 TEST KITS အခုရေ (၂၀၀၀) မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
#TachileikNewsAgency
Photo: YAN NAING HTUN