တက်ညီလက်ညီ လုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ်ရောက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

 တက်ညီလက်ညီ လုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ်ရောက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
စက်တင်ဘာ 23, 2021

တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ဟု  အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောသည်။

တက်ညီလက်ညီ ကြိုးစားအားထုတ် လုပ်ဆောင်ပါက အာဆီယံတွင် အလယ်အလတ်အဆင့်ရှိသည့် နိုင်ငံအဖြစ် (၅)နှစ်အတွင်း ရောက်နိုင်မည်ဖြစ်သလို (၁၀)နှစ်အတွင်းတွင် အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ကို အပြည့်အဝယုံကြည်သလို မြေပေါ် မြေအောက် သယံဇာတများကို ပေါင်းစည်းပြီး အသုံးပြုရင် မဖြစ်နိုင်စရာအကြောင်း မရှိကြောင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ  ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး  သတ်မှတ်ထားသည့် စံနှုန်းများ ဆက်လက်ပြည့်မီရေး ကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံ့အာဏာကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့က သိမ်းလိုက်ပြီးနောက် လက်ရှိ၌ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားကုမ္ပဏီများလည်း လုပ်ငန်းများ ရပ်ဆိုင်းသွားကြသလို နိုင်ငံမှ ထွက်ခွာရန်လည်း ပြင်ဆင်နေမှုများရှိနေသည်။

 ဆက်စပ်သတင်းများ

ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု  အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ထပ်ပြော

အာဏာသိမ်းခေါင်းဆောင်က စစ်တပ်မှတပ်ဖွဲ့အားလုံး အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်နေရန် ပြောကြားထား

နိုင်ငံ့ဘဏ္ဍာထဲက လစာပေးထားရသည့် စစ်တပ်မှ တပ်ဖွဲ့ဝင်များကို ဝင်ငွေ နှင့် ထွက်ငွေမျှအောင် သုံးစွဲခြင်းဖြင့် ဆင်ခြင်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မြစ်ကြီးနားခရီးစဉ်တွင် ထပ်မံ သတိပေး