အမျိုးသားညီညွတ်ရေးအစိုးရ -NUG နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပရဟိတအသင်းအဖွဲ့ (၇) ခုနှင့် AAC အဖွဲ့တို့က ထောက်ခံကြောင်း ကမ်ပိန်းတစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြုလုပ်ကြသည်။
အဆိုပါ ထောက်ခံပွဲကမ်ပိန်းကို ထိုင်းအာဏာပိုင်များ၏ အကန့်အသတ်များကြားမှ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
(၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်စာရင်းတင်သွင်းထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အာဏာသိမ်းအဖွဲ့က တင်သွင်းထားသည့် ကိုယ်စားလှယ်တို့အား Credentials Committee ဖြင့် ရွေးချယ်မည်ဖြစ်ရာ NUG နှင့် ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ထောက်ခံသည့် လူထုဆန္ဒကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ဖေါ်ပြသနေခြင်းဖြစ်သည်။