လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို အသွားအလာကန့်သတ်ကာလ ဩဂုတ်လကုန်အထိ ထပ်တိုး

photo of the Golden Triangle SEZ in Laos
photo of the Golden Triangle SEZ in Laos
လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို အသွားအလာကန့်သတ်ကာလ ဩဂုတ်လကုန်အထိ ထပ်တိုး

လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ တုန့်ဖိန်းခရိုင်ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် COVID 19 ထိန်းချုပ်နိုင်မှု မရှိသေး၍ အသွားအလာကန့်သတ်ထားသည့် ကာလကို ၂၀၂၁ ခုနှစ် ဩဂုတ်လကုန်အထိ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်ကို အဝင်အထွက်ကန့်သတ်ထားသည့် ကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရန် လွှဲပြောင်းပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် နေရပ်ပြန်စာရင်းအတိုင်း စနစ်တကျလုပ်ဆောင်ရမည်ဟု အသိပေးထားသည်။

ဒေသတွင်း COVID-19 ကူးစက်မှုလျော့ကျစေရေးအတွက် လူစုလူဝေး မဖြစ်စေရန်၊  မလိုအပ်ဘဲ အပြင် မထွက်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)ကို ပါးစပ်နှင့်နှာခေါင်းလုံသည်အထိ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း (သို့မဟုတ်) အယ်လ်ကိုဟောပါသည့် Hand Gel ဖြင့် ဆေးကြောရန်ကိုလည်း သတိပေးထားသည်။

 

နေရပ်ပြန် မြန်မာများကို လာအိုနိုင်ငံဘက်တွင် COVID-19 စစ်ဆေးပြီး ပိုးမရှိမှသာ မြန်မာဘက်က လက်ခံတော့မည်