တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး နေအိမ်တွင် အောက်ဆီဂျင်ပေးထားရသူ အမျိုးသားတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး နေအိမ်တွင် အောက်ဆီဂျင်ပေးထားရသူ အမျိုးသားတစ်ဦး သေဆုံး
သြဂုတ် 14, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံကြောင့် နေအိမ်တွင် အောက်ဆီဂျင်စီပေးထားကာ ဆေးကုသမှုခံယူနေသူ အမျိုးသားတစ်ဦး ယနေ့ ဩဂုတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက်(၈၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ နေထိုင်သူဖြစ်ပြီး နေအိမ်တွင် အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ချက်ချင်းသယ်ယူပြီး ပုံလို့သုဿန်သို့ ကူညီပို့ဆောင်ကာ သင်္ဂြိုလ်ပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း Covid-19 ကူးစက်ခံထားရသူ တရားဝင် စာရင်းအရ (၂,၀၀၀)နီးပါးအထိရှိနေပြီး သေဆုံးသူမှာ (၃၂)ဦးအထိ ရှိနေသည်။