မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် ယနေ့ ဩဂုတ်လ(၁)ရက်နေ့ နံနက်(၈)နာရီကျော်အချိန်က စစ်ရဟတ်ယာဉ်တစ်စီး အနီးကပ်ပျံဝဲနေပြီး အဆင်းအတက် ပြုလုပ်နေကြောင်း သိရသည်။
ဆက်လက်၍ ထီးလင်းမြို့၏ မြောက်ဖက်သို့လည်း ဆက်လက် ပျံသန်းသွားကြောင်း နှင့် ဇူလိုင်လ(၃၁)ရက်နေ့ ညပိုင်းကလည်း အာဏာသိမ်းစစ်ကောင်စီ တပ်၏ စစ်ကား(၄)စီးမှ မြို့ထဲသို့ ဝင်လာပြီး လုံခြုံရေးများချထားသည်ဟုလည်း ကြားသိရသည်။
နံနက် (၉)နာရီခွဲဝန်းကျင်က ထီးလင်းမြို့မှ ထွက်လာသည့် စစ်ရဟတ်ယာဉ်သည် ဂန့်ဂေါ အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်းအတွင်းသို့ ဆင်းသက်သွားကြောင်း Gangaw Youths Voice ၏ ဖော်ပြချက်အရသိရသည်။
ဂန့်ဂေါ - ထီးလင်းလမ်းပိုင်းတွင် ဇူလိုင်လ၏ နောက်ဆုံးပတ်အတွင်းက အာဏာသိမ်းစစ်ကောင်စီ တပ် ကြားဖြတ်တိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က အနည်းဆုံး (၁၅)ဦးအထက် သေဆုံးမှုလည်း ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။