ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က နေအိမ်များ မီးလောင်နေသည်ကို တွေ့ရသော်လည်း သေနတ်သံများကြားနေ၍ မီးငြိမ်းသတ်ရန် မထွက်ရဲဘဲဖြစ်နေကြသည်ဟု သိရသည်။
မီးစတင်လောင်ကျွမ်းသည့် နေအိမ်သို့ အာဏာသိမ်းအဖွဲ့၏ တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျမှုကြောင့်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရပြီး ည (၁၂)နာရီဝန်းကျင်တွင် နေအိမ် (၄)လုံးအထိ မီးကူးစက်လောင်ကျွမ်းနေပြီဟု သိရသည်။
လူနေအိမ်များကို မီးကူးစက်လောင်ကျွမ်းနေသော်လည်း မီးငြိမ်းသတ်ရန်မထွက်ရဲဘဲရှိနေကြဆဲဖြစ်ကြောင်း သိရသည်။