သင်တန်းတက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပြန်လာသည့် PDF များကို စောင့်ကြည့် ဖမ်းဆီးနိုင်ရန် လျှို့ဝှက် ညွှန်ကြားထား

သင်တန်းတက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပြန်လာသည့် PDF များကို စောင့်ကြည့် ဖမ်းဆီးနိုင်ရန် လျှို့ဝှက် ညွှန်ကြားထား
ဇွန် 29, 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာများအတွင်း သင်တန်းတက်ပြီး ပြန်လာသည့် PDF များနှင့် ပတ်သက်၍ သတင်းလက်ဦးမှုရယူပြီး ဖမ်းဆီးနိုင်ရေး လုပ်ဆောင်ရန် ဇွန်လ(၂၄)ရက်နေ့ ရက်စွဲပါရှိသည့် လျှို့ဝှက်ညွှန်ကြားသည့်စာ ထွက်ပေါ်လာသည်။

ထွက်ပေါ်လာသည့် စာမှာ ငပုတောမြို့နယ်က ဖြစ်ပြီး တိုင်းဒေသကြီးအဆင့်က ညွှန်ကြားမှုကို ထပ်ဆင့် လျှို့ဝှက်ညွှန်ကြားခြင်း အဖြစ် ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးကျော်သူရက လက်မှတ်ရေးထိုးပြီး ညွှန်ကြားခြင်း ဖြစ်သည်။

သင်တန်းတက်ပြီး၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပြန်လာသည့် PDF များ၏ အခြေအနေများကို စောင့်ကြည့်ဖမ်း ဖမ်းဆီးနိုင်ရေးအတွက် ညွှန်ကြားခြင်းနည်းတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း ယခုလို လျှို့ဝှက်ညွှန်ကြားမှုများရှိနိုင်ကြောင်း သိရသည်။

နိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအနေဖြင့် ဗိုလ်မှူးအဆင့်အား မြို့နယ်အုပ်ချုပ်ရေးတွင် လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီးအဆင့်အား ခရိုင်အုပ်ချုပ်ရေးအဆင့်တွင် လည်းကောင်း အဖွဲ့ဝင်(၁)နေရာများတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။

#TachileikNewsAgency