စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်က စစ်ကား အစီး(၂၀)ကျော်ဖြင့် သေနတ်များဖြင့် ခြောက်လန့်ပစ်ဖောက်သွားသလို မြို့နယ် NLD ရုံးကိုလည်း ယနေ့ ဇွန်လ(၂၆)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များက ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးကို၏ ပြတင်းပေါက် မှန်များကို ခွဲသွားသလို ရုံးအတွင်း မွှေနှောက် ဖျက်ဆီးမှုများ လုပ်ဆောင်သွားသည့်အပြင်အနီးရှိ ကားဝပ်ရှော့မှ ကားများကိုလည်း ရိုက်ခွဲသွားကြောင်း သိရသည်။
NLD ရုံးကို ဖျက်ဆီးချိန်တွင် စစ်သားများကို သေနတ်များဖြင့် ပစ်ဖောက် ခြောက်လန့်မှုများပါ လုပ်ဆောင်ကြောင်း ဒေသခံများထံက သိရသည်။
ပုလဲမြို့နယ်တွင်းရှိ ကန့်ဒေါင့်၊ လက်ပုကန် နှင့် မင်းတိုင်ပင် စသည့် ကျေးရွာများအတွင်း သေနတ်များဖြင့် ပစ်ဖောက် ခြောက်လန့်မှုများ ပြုလုပ်ခဲ့ပြီး ပုလဲနှင့် မြကုန်းကျေးရွာအကြားတွင်လည်း ပစ်ဖောက် ခြောက်လန့်မှုများ လုပ်ဆောင်သွားကြောင်းလည်း သိရသည်။
#TachileikNewsAgency
Photo: Ma Thi Dar