မွန်ပြည်နယ်၊ ရေးနယ်မြို့နယ်၊ KNU နယ်မြေအတွင်းရှိ ကနင်ကမော့ကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ ည (၈) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
ဒူးပလာယာသတင်းဌာန၏ ဖေါ်ပြချက်အရ အဆိုပါ အလယ်တန်းကျောင်းကို ဇွန်လ ပထမပတ်အတွင်းက ဖွင့်လှစ်ခဲ့ရာ ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်မှုများရှိနေပြီး မကြာခဏ ပေါက်ကွဲမှုများလည်း ဖြစ်တတ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများ၏ ဆန့်ကျင်မှုများကြားမှ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
Photo: ဒူးပလာယာခရိုင်