မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်အများစုရှိရာ ဒေသများတွင် အာဏာသိမ်း စစ်ကောင်စီတပ်များက စစ်ကြောင်း (၃)ကြောင်းခွဲပြီး ထိုးစစ်ဆင်နေ

မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်အများစုရှိရာ ဒေသများတွင် အာဏာသိမ်း စစ်ကောင်စီတပ်များက စစ်ကြောင်း (၃)ကြောင်းခွဲပြီး ထိုးစစ်ဆင်နေ
ဇွန် 6, 2021

မင်းတပ်မြို့ စစ်ဘေးရှောင်အများစုခိုလှုံရာကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်



ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်အများစု ခိုလှုံနေသည့် ကျေးရွာများသို့ အာဏာသိမ်း စစ်ကောင်စီတပ်များက  ၂၀၂၁ ခုနှစ် ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။



ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ စိချဲ့ရပ်ကွက်ဘက်မှ ရှက်ရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ခန့်ဆင်းလာရာမှ ဒေသခံ CDF တပ်ဖွဲ့ဝင်များနှင့် နံနက် (၁၀) နာရီခန့်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီး၊ မင်းတပ်မြို့အရှေ့ဘက် ဘောင်တဲရွာသို့ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ကျော်ခန့်နှင့် ဒေသခံ CDF တို့ ချောင်းဆုံအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။



ဇွန်လ (၃) ရက်နေ့က စတင်ပြီး ရွှေအောင်သာရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂၀) ကျော်နှင့် ဒေသခံ CDF တပ်များ ယနေ့အထိတိုက်ပွဲဖြစ်နေရာတွင် စစ်ကြောင်း (၂) ကြောင်းတိုးချဲ့ပြီး စုစုပေါင်း စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာကာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများ အသုံးပြုကာ ဆက်တိုက်ပစ်ခတ်မှုများရှိနေသည်။



မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ ထိုးစစ်ဆင်လာရာတွင် အလံဖြူထောင်ထားသည့် စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး မေလ (၃၁) ရက်နေ့က ဧစခန်းရွာရှိ စစ်ရှောင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်များ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။



Photo: Mindat-CDF