ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အတွက် ဝန်ကြီးဌာန(၁၃)ခုအပြင် နောက်ထပ်(၃)ခုကို အသစ်ထပ်တိုးလိုက်ပြီး ဦးသိန်းဦး၊ ဦးထင်လင်းအောင် နှင့် ဦးစိုးသူရထွန်းတို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇွန်လ(၅)ရက်နေ့တွင် CRPH က သတင်းထုတ်ပြန်ထားရှိသည်။
အသစ်ထပ်တိုးလိုက်သည့် ဝန်ကြီးဌာနများမှာ တရားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ဖြစ်သည်။
ပထမဆုံး ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန (၁၃)မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ဖြစ်သည်။