ကသာမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် KIO/KIA က PDF ဘက်မှကူညီ

ကသာမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် KIO/KIA က PDF ဘက်မှကူညီ
မေ 30, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ရွှေပြည်သစ်နှင့် ဟဲနားကျေးရွာကြား ရွှေငှက်ချောင်းအနီးတွင် ၂၀၂၁ ခုနှစ် မေလ (၃၀) ရက်နေ့၌ အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့၏ တိုက်ပွဲတွင် KIO/KIA က ကူညီတိုက်ခိုက်ပေးခြင်းအား အထူးကျေးဇူးတင်ရှိကြောင်း ကသာ PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် တိုက်ခိုက်နေရာတွင် အင်အားမမျှဖြစ်နေသည့် ကသာ PDF ကို KIA တပ်ဖွဲ့ဝင်အချို့က ဝင်ကူတိုက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများအား အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးမှုများကြောင့် ပြည်သူများက မိမိကိုယ်ကိုကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလာကြသည်ကို တွေ့ရပြီး ကသာ PDF ကို မေလ (၁၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။