နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၁၁၇)ရက်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးပြည်သူ (၈၃၃)ဦးအထိ ရှိနေ

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၁၁၇)ရက်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးပြည်သူ (၈၃၃)ဦးအထိ ရှိနေ
မေ 28, 2021

အာဏာသိမ်းစစ်တပ်မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင့် ပစ်ခတ်မှုကြောင့် ရက်ပေါင်း (၁၁၇)ရက်အတွင်း၌ သေဆုံးသည့် ပြည်သူ စုစုပေါင်း (၈၃၃)ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မေလ(၂၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ မေလ(၂၈)ရက်နေ့အထိ ရက်ပေါင်း (၁၁၇)ရက်အတွင်း သေဆုံးသူ စာရင်းမှာ (၈၃၃)ဦးရှိသော်လည်း လက်ရှိစာရင်းမှာ AAPP က လက်လှမ်းမီသလောက်သာဖြစ်ပြီး စာရင်းမရရှိထားသည့်၊ အလောင်းဖျောက်ခံထားရသည့် စာရင်းများရှိနေကြောင်းလည်း AAPP က အသိပေးထားသည်။

စစ်တပ်၏ တပ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးများမှာ မေလ(၂၇)ရက်နေ့အထိ (၇၃)ဦးအထိ ရှိနေကြောင်း သိရသည်။



AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၅၀) ဦးရှိနေပြီး (၁၀၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။