မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း မင်းဘူး - အမ်းလမ်းမကြီးဘေး တောင်မန်းကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၈) ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်သုံးရဟတ်ယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ မကွေးလေတပ်စခန်းမှ ပျံတက်လာသည့် အဆိုပါစစ်ရဟတ်ယာဉ်မှာ လယ်ကွင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး လေယာဉ်နောက်မှ မီးခိုးတန်းကိုတွေ့ရသဖြင့် ဒေသခံများက ကနဦးတွင် စစ်ရဟတ်ယာဉ်ပျက်ကျသည်ဟု ယူဆခဲ့ကြကြောင်း သိရသည်။
မကွေးလေတပ်စခန်းမှ လေ့ကျင့်ရေး စစ်ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ဖူးပြီး အရပ်သားသေဆုံးမှုလည်း ဖြစ်ပွားခဲ့ဖူးသည်။