ရွှေကူမြို့နယ်မှ ပြည်သူများ လောင်းကစားဝိုင်းနေရာများကို လုံးဝရှောင်ကြဉ်ကြရန် ရွှေကူ PDF သတိပေး

ရွှေကူမြို့နယ်မှ ပြည်သူများ လောင်းကစားဝိုင်းနေရာများကို လုံးဝရှောင်ကြဉ်ကြရန် ရွှေကူ PDF သတိပေး
မေ 26, 2021

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများသို့ လုံးဝသွားရောက်ခြင်း မပြုကြရန် ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်နေ့က သတင်းထုတ်ပြန်နှိုးဆော်ထားသည်။

လက်ရှိအခြေအနေအရ ပြည်သူများ အကြပ်အတည်းဖြစ်နေချိန်တွင် လောင်းကစားဒိုင်များသည် လာဘ်ပေးချိတ်ဆက်၍  လောင်းကစားဝိုင်းများ ဖွင့်လှစ်ပြီး ပြည်သူများအကျိုးစီးပွားယုတ်လျော့စေရန် လုပ်ဆောင်နေသဖြင့် ၎င်းလုပ်ငန်းများကို ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မလိုလားအပ်သော အန္တရာယ်များမဖြစ်ပေါ်စေရန် ပြည်သူများအနေဖြင့် လုံးဝသွားရောက်ခြင်းမပြုကြရန် အသိပေးနှိုးဆော်အပ်ပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။