PDF(Taze) အမည်ကိုသုံး၍ ငွေကြေးတောင်းခံမှု၊ သတင်းမှားဖြန့်မှုများရှိ၍ အများပြည်သူသတိထားရန် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်

PDF(Taze) အမည်ကိုသုံး၍ ငွေကြေးတောင်းခံမှု၊ သတင်းမှားဖြန့်မှုများရှိ၍ အများပြည်သူသတိထားရန် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်
မေ 26, 2021

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ကို အသုံးပြု၍ ငွေကြေးတောင်းခံမှုများနှင့် အများပြည်သူကို ထိခိုက်စေသော အကြမ်းဖက်မှုများကို ပြုလုပ်နေခြင်းများရှိနေ၍ အများပြည်သူအနေဖြင့် သတိထားကြရန် ၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့တွင် PDF(Taze) က ထုတ်ပြန်လိုက်သည်။

PDF (Taze) ကို မေလ (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းပြီးနောက် တပ်ဖွဲ့ကိုပြင်ဆင်ခြင်း၊ CRPH၊ NUG တို့ဖြင့် ချိတ်ဆက်မှုများ လုပ်ဆောင်နေချိန်တွင် အဖွဲ့အမည်ဖြင့် ပြည်သူများကြား သတင်းမှားဖြန့်ခြင်း၊ အယောင်ဆောင်စည်းရုံးခြင်းများကို လုပ်ဆောင်မှုများ ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။