အင်းစိန်မြို့သစ်ရှိ ကရင်ခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ဓမ္မဆရာအပါအဝင် (၃) ဦးကို ဖမ်းဆီးသွား

 အင်းစိန်မြို့သစ်ရှိ ကရင်ခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ဓမ္မဆရာအပါအဝင် (၃) ဦးကို ဖမ်းဆီးသွား
မေ 23, 2021

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့သစ်၊ က/၄ လမ်းရှိ ကရင်တိုင်းရင်းသားများ၏ ခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးကာ ဓမ္မဆရာအပါအဝင် (၃) ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားကျောင်းဝန်းအတွင်းသို့ သော့များရိုက်ဖျက်ဝင်ရောက်လာပြီး ဘုရားကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများ၊ မျက်နှာကျက်များကို ရိုက်ချိုးဖျက်ဆီးသည့်အပြင် ဓမ္မဆရာ (၁) ဦး၊ မသန်စွမ်း (၁) ဦးနှင့် အမျိုးသား (၁) ဦး စုစုပေါင်း (၃) ဦးကို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဓမ္မဆရာအပါအဝင် (၃) ဦးအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း သိရသည်။



Photo: CJ