ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ကန်ပက်လက်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား (၁၂) ဦးသည် စစ်အာဏာရှင်ကိုဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာကြသည်ကို ကြိုဆိုထောက်ခံထားပြီး အသက်လုံခြုံရေးကို တာဝန်ယူပေးမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ Chinland Defense Force က ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ကန်ပက်လက်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး (၁) ဦး၊ ရဲဒုတပ်ကြပ် (၂) ဦးနှင့် ရဲတပ်သား (၉) ဦးပါဝင်သည့်အဖွဲ့သည် ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နှင့် (၁၆) ရက်နေ့များတွင် CDM ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်မှုအပြင် မြို့တွင်း အကြမ်းဖက်ဖမ်းဆီးမှုများကြောင့် ဒေသခံအမြောက်အမြား စစ်ဘေးရှောင်နေကြရချိန်တွင် မင်းတပ်ခရိုင်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်လာကြခြင်းဖြစ်သည်။
Mindat Township IDPs Camp Management Committee
https://www.facebook.com/Mindat-Township-IDPs-Camp-Management-Committee-109864704623641/
Emergency help for Mindat
https://www.facebook.com/Emergency-help-for-Mindat-108310658108300/