တီးတိန်မြို့တွင် ပေါက်ကွဲမှုကြောင့် အသက်(၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံး

တီးတိန်မြို့တွင် ပေါက်ကွဲမှုကြောင့် အသက်(၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံး
မေ 19, 2021

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန် မြို၊ လွယ်ဘွားလ်ရပ်ကွက်တွင် ၂၀၂၁ ခုနှစ် မေလ (၁၉) ရက် နေ့ ညနေ (၅)နာရီ မိနစ် (၂၀) ဝန်းကျင်က ပေါက်ကွဲသံကြားရပြီး အသက် (၁၀)နှစ်ဝန်းကျင် ကလေးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တီးတိန်မြိုတွင်  မေလ (၁၆) ရက်နေ့ညကလည်း အကြောင်းရင်းမသိရဘဲ ပစ်ခတ်သံများကြားရပြီးနောက် ဆိုင်ကယ်စီး လူငယ်အမျိုးသားတစ်ဦး ဦးခေါင်းကိုထိမှန်၍ သေဆုံးခဲ့ရသည်။

 

Photo: CJ