မင်းတပ်မြို့တွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ကျည်ထိမှန်သည့် ကလေးငယ်ကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်

မင်းတပ်မြို့တွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ကျည်ထိမှန်သည့် ကလေးငယ်ကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်
မေ 18, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက   အကြမ်းဖက်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်အတွင်းမှ မိန်းကလေးငယ်(၁) ဦး လည်ပင်းထိမှန်ခဲ့ပြီး စိုးရိမ်ရသဖြင့် ပခုက္ကူဆေးရုံသို့ ယနေ့ မေလ (၁၈)ရက် နေ့တွင် သွားရောက်ပို့ဆောင်နေသည်။

၂၀၂၁ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ မင်းတပ်မြို့တွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ်အတွင်း ပုန်းအောင်းနေသည့် (၁၀) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လည်ပင်းကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းတပ်မြို့တွင်းရှိ လူနေအိမ်များနှင့် ဈေးဆိုင်များကို တံခါးများဖျက်ဆီးပြီး ပစ္စည်းများ ဝင်ရောက်ယူငင်ကာ အမျိုးသားများကို ရှာဖွေဖမ်းဆီးနေသဖြင့် အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဒေသခံများထံက သိရသည်။

ကျည်ထိမှန်ခံထားရသည့် ကလေးငယ်အတွက် အကူအညီလိုအပ်နေသဖြင့် ဖုန်း ၀၉-၄၀၀၃၀၀၀၁၀ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

#TachileikNewsAgecny

Photo: Zalen