ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့ ည (၈) နာရီခွဲမှစ၍ ပစ်ခတ်သံများကြားလာရပြီး ဆိုင်ကယ်စီး လူငယ်အမျိုးသားတစ်ဦး ဦးခေါင်းကိုထိမှန်၍ ကျဆုံးသွားကြောင်း သိရသည်။
"အရင်နေ့တွေက ပစ်တာခတ်တာမရှိဘူး။ ဒီနေ့မှ ကြားရတာ။ ဘာဖြစ်လို့လဲမသိဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ"ဟု တီးတိန်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၁၀)နာရီကျော်တွင် အတည်ပြုပြောကြားသည်။
တီးတိန်မြို့တွင် ည (၈)နာရီခွဲဝန်းကျင်ကစ၍ ပစ်ခတ်သံများကြားရပြီး ည (၁၀) နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားသည့်အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျ မသိရသေးကြောင်း သိရသည်။
Photo: CJ