နိုင်ငံကို စစ်တပ်က လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းလိုက်သည့်အတွက် စစ်ကောင်စီ၏ ယန္တရားတွင် ပါဝင် မလုပ်ဆောင်လိုတော့၍ CDM လုပ်ဆောင်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ် ဌာန(၇)ခုမှ အမှုထမ်း၊အရာထမ်း ဝန်ထမ်းပေါင်း (၃,၇၂၁)ဦးကို ဝန်ထမ်းအဖြစ်မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထုတ်ပယ်လိုက်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် CDM လုပ်ဆောင်၍ဟုဆိုကာ ထုတ်ပယ်ခံရသူများတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးမှ (၂၈)ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန(DEPP)မှ (၂၁)ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)မှ (၅၈၀)ဦး၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန(DHP)မှ (၃၈၇)ဦး၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း(MESC) မှ (၈၄၀)ဦး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)မှ (၂၄၁)ဦး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)မှ (၁၃၃၀)ဦး၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ (၂၈၅)ဦးတို့ ပါဝင်ရာ ရုံးဝန်ထမ်း အမျိုးသား (၂၄၀)ဦး နှင့် အမျိုးသမီး (၃၄၇၂)ဦး ရှိကြောင်း သိရသည်။
ယခုဖော်ပြသည့် စာရင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဌာန (၇)ဦခုမှ စာရင်းများသာဖြစ်ပြီး စွမ်းအင်အပိုင်းက ထုတ်ပယ်ခံရသူများလည်းရှိသေးကြောင်း သိရသည်။