မြန်မာ့နှစ်ဆန်းတစ်ရက်နေ့အဖြစ် နိုင်ငံအတွင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးမှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ( ၂၃,၄၀၇ )ဦးကို ယနေ့ ဧပြီလ(၁၇)ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးကာ လွှတ်ပေးလိုက်ရာ (၂)လတာ ကာလအတွင်း၌ လွှတ်ပေးလိုက်သည့် အကျဉ်းသား အကျဉ်းသူ ( ၄၆,၇၂၁ )ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီက (၂)လတာ ကာလအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ကျဉ်းသား အကျဉ်းသူ ( ၄၆,၇၂၁ )ဦးကို လွတ်ပေးမှုများအဖြစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့က (၂၃,၃၁၄)ဦး နှင့် ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ(၁၇)ရက်နေ့တွင် (၂၃,၄၀၇)ဦး တို့ကို လွတ်ငြိမ်းသက်သာခွင့်ပေးကာ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ပြန်လည်လွှတ်ပေးလာသူများကို နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ကျူးလွန်သည့် ပြစ်ဒဏ်အပြင် ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည့် ပြစ်ဒဏ်များအပေါ် လျှော့ပေ့ါလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်လွှတ်ပေးလာသူများထဲတွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စတင်ကာ ယနေ့ အချိန်ထိ ပုဒ်မ ၅၀၅ တို့ဖြင့် ဖမ်းဆီးခံရသူများ မပါဝင်ကြောင်း သိရသည်။
ယခုလွှတ်ပေးလိုက်သည့် အကျဉ်းသား အကျဉ်းသူများတွင် နိုင်ငံခြားသားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။