မိုးကုတ်မြို့က ရေပူဆရာတော်ကို ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ်ချမှတ်

 မိုးကုတ်မြို့က ရေပူဆရာတော်ကို ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ်ချမှတ်
ဧပြီ 10, 2021

 

မန္တလေးတိုင်းဒေသ​ကြီး၊ မိုးကုတ်မြို့တွင် ၂၀၂၁ခုနှစ်  မတ်လ(၁၁)ရက်နေ့က ဖမ်းဆီးခံရသည့် ရေပူဆရာတော်ကို လူဝတ်လဲလိုက်ပြီး ယနေ့ ဧပြီလ(၁၀)ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)ဖြင့် ‌ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

မိုးကုတ်မြို့တွင် မတ်လ(၁၁)ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က  သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲကာ ရေပူဆရာတော် အပါအဝင်  အနည်းဆုံး (၁၀)ဦးအထက်ကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ အမိန့်ချရာတွင် ရေပူဆရာတော် အပါအဝင် (၂၀)ကျော်ကို ပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ ဖမ်းဆီးမှုများ လုပ်ဆောင်နေ‌သော်လည်း ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိသည်။