ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် ဖမ်းဝရမ်းထုတ် ခံထားရသည့် (၁၇)ဦး၏ အမည်နှင့်ပုံများကို တာချီလိတ်မြို့တွင်းအနှံ့ ကပ်ထား
နိုင်ငံ့အာဏာကို အတင်းအဓမ္မလုယူထားပြီး ပြည်သူများကို လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားသည့် (၁၇)ဦး၏ အမည်နှင့်ပုံများကို တာချီလိတ်မြို့တွင်း နေရာအနှံ့တွင် လိုက်လံကပ်ထားသည်ကို ယနေ့ ဧပြီလ(၉)ရက်နေ့တွင် တွေ့ရသည်။
အမှုဖွင့်ထားပြီး တရားခံပြေးဟု သတ်မှတ်ကား နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားပေးရန်ဟုဆိုတာပြီး ဒေါက်တာဇော်ဝေစိုး၊ ဦးလွင်ကိုလတ်၊ ဦးနေမျိုး(ခ)ဦးဝင်း(ခ)မြင့်ဦး၊ ဦးထွန်းမြင့်၊ ဦးဝေဖြိုးအောင်၊ ဦးစောယှားဖောင်းအွာ၊ ဦးဇေလတ်၊ ဦးဝင်းနိုင်၊ ဦးမင်းကိုနိုင်၊ ဦးဥက္ကာမင်း၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးနိုင်၊ ဦးဇော်မင်းသိန်း၊ ဦးရည်မွန်(ခ)မောင်တင်သစ်၊ ဒေါ်ဖြူဖြူဝင်း၊ ဒေါ်ဇင်မာအောင် နှင့် ဒေါ်မြတ်သီတာထွန်း တို့၏ အမည်များနှင့်ပုံများ အပါအဝင် စာရွက်များကို လိုက်လံ ကပ်ထားခြင်း ဖြစ်သည်။
ယင်းအချက်အလက်များကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့လည်း ပို့ဆောင်ထားကြောင်း သိရသည်။