နွေဦးတော်လှန်ရေးကာလ၏ ရက်ပေါင်း (၆၄)ရက်အတွင်း ပြည်သူ (၅၇၀)ဦး ကျဆုံး

နွေဦးတော်လှန်ရေးကာလ၏ ရက်ပေါင်း (၆၄)ရက်အတွင်း ပြည်သူ (၅၇၀)ဦး ကျဆုံး
ဧပြီ 6, 2021

မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းခံရသည့် နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုများကြောင့် ဧပြီလ(၅)ရက်နေ့ ည(၆)နာရီအထိ ကျဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်းမှာ (၅၇၀)ဦးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့ ည(၆)နာရီအချိန်အထိ ရက်ပေါင်း (၆၄)ရက်အတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၅၇၀)ဦး ရှိရာတွင် ကလေးငယ်များလည်း ပါဝင်သည်။

ကျဆုံးသူများ၏ စာရင်းမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းသာဖြစ်ပြီး  စာရင်းမရရှိသေးသည်များလည်း ရှိနိုင်သေးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို မတရားဖမ်ဆီးမှုများ နှင့် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားမှု အများအပြားလည်းရှိနေသည်။