ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ CDM ပြုလုပ်နေသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ဝန်ထမ်း (၂၃) ဦးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို အလေးထား၍ လုပ်ဆောင်နေခြင်းသာဖြစ်၍ ဌာနတွင်းအရေးယူရန် လုပ်ဆောင်ပါက Social Punishment ပြန်လည်လုပ်ဆောင်ရမည်ဟု သိရသည်။
“ကျွန်တော်/ကျွန်မတို့သည် မိမိနိုင်ငံအတွက် သံတစ်ပွင့်အုတ်တစ်ချပ်စာမျှ ပါဝင်ကူညီပါသည်။ ကျွန်တော်/ကျွန်မတို့ ပြုလုပ်သမျှသည် ကျွန်ုပ်တို့နှင့်သာ သက်ဆိုင်ပါကြောင်း ကျွန်ုပ်တို့၏ အထက်အရာရှိများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါ။”ဟု မြေစာရင်းဝန်ထမ်းများ၏ ဆန္ဒသဘောထားထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM ပြုလုပ်နေကြသည်ကို ဖိအားပေး၍ ဌာနတွင်းအရေးယူမှုများ လုပ်ဆောင်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။