အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် လုပ်ငန်းတာဝန် မဆောင်ရွက်လိုသည့် ဝန်ထမ်းများမှ ပြည်သူ့ဘက်က ရပ်တည်ကာ Civil Disobedience Movement (CDM) တွင် ပါဝင်လုပ်ဆောင် နေရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၏ CDM Support Team သို့ အွန်လိုင်းမှ တဆင့် အမည်စာရင်းပေးပို့ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
စာရင်းပေးသွင်းသူများအနေဖြင့် အချက်အလက်များကို ဖြည့်ရမည်ဖြစ်ပြီး ဝန်ထမ်းကတ်ကိုလည်း ပေးပို့ရမည်ဖြစ်သည်။
စာရင်းဖြည့်ပြီးသွားပါက ID နံပါတ်ကိုလည်း ScreenShot ဖြစ်စေ ရေးမှတ်၍ဖြစ်စေ မှတ်သားထားရမည်ဖြစ်ကြောင်း သိရသည်။
စာရင်းပေးသွင်းရန် - https://cdm.crphmyanmar.org/