ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်အတွင်း အားရဲဒေသ

ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်အတွင်း အားရဲဒေသ
ဒီဇင်ဘာ 31, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်အတွင်း အားရဲဒေသ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ် သတ္တုထုတ်လုပ် လျှက်ရှိရာ ပွင့်လင်းရာသီအတွင်း၌သာ နိုင်ငံခြားသို့ တင်ပို့နိုင်ကြောင်း သိရှိရပြီး သတ္တုလုပ်ငန်းရှင်များ သတ္တုထုတ်လုပ်မှုအား ရပ်နားထားရကြောင်းသိရှိရသည်။

“အားရဲဒေသအတွင်းမှာရှိတဲ့ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ်သတ္တုတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ရောင်းချမှုမှာ အမြတ်အစွန်းက သိပ်မကျန်ဘူး အရည်အသွေးမပြည့်မမှီတာ လဲပါတယ် တောင်ပေါ်ဒေသဖြစ်တဲ့ အတွက် အပေါ်ယံမြေလွှာတွေကို တူးဖေါ်ပြီးမှ သတ္တုကိုတူးဖေါ်ရတာဖြစ်တယ်။ ကမ္ဘာမှာ မဂ္ဂနီစ် ဒိုင်အောက်ဆိုဒ်က (၆၀%-၆၁%)လောက်မှ အရည်အသွေးပြည်တာ။ အားရဲဒေသအတွင်းမှာရှိတာက (၂၀%-၃၀%)ပတ်ဝန်းကျင်မှဘဲရှိတော့ ရောင်းအားမကောင်းဘူး”ဟု သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး မှပြောပြပါသည်။
မဂ္ဂနီစ်သတ္တုတွေကို တူးဖေါ်တဲ့ ကုမ္ပဏီ(၉)ခုရှိတယ် တူးဖေါ်မှုတွေကို အမှတ်(၃)သတ္တုတွင်းလုပ်ငန်းနဲ့ အချိုးကျ စနစ်နဲ့တူးဖေါ်နေတာပါ။ (၂၀၁၄)ခုနှစ် ထုတ်လုပ်မှုအားလုံးကိုတော့ အမှတ်(၃)သတ္တုတွင်းလုပ်ငန်းမှာ ဘဲရှိမယ်၊ ရောင်းချတဲ့ဈေးနှုန်းကတော့ ကမ္ဘာဈေးကွက်ကို အမှီပြုပြီး ရောင်းချခြင်းဖြစ်သည်။
တာချီလိတ်လိတ်ခရိုင်၊ မိုင်းကိုးအုပ်စု၊ အားရဲဒေသအတွင်းရှိ မန်းဂ္ဂနီသတ္တုများအား ထုတ်လုပ်တူးဖေါ် လျှက်ရှိရာ တောင်ပေါ်ဒေသဖြစ်သည့်အလျှောက် မိုးရာသီတွင် တူးဖေါ်မှုများအား ရပ်ဆိုင်းထားရပြီး မိုးရပ်စဲသည့်အချိန်တွင်သာ တူးဖေါ်မှုများပြန်လည်လုပ်ဆောင်ရပြီး (၂၀၁၄)ခုနှစ်အတွင်းတူဖေါ်ခဲ့သည့် သန့်စဉ်ခြင်းမပြုရသေးသော သတ္တုများအား မိုးအကုန်တွင်ပြန်လည်သန့်စဉ်ပြီး ရောင်းချရပါသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော မဂ္ဂနီစ်သတ္တုအများဆုံးအား တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းဖြစ်ပြီး ပြန်လည်သန့်စဉ်ကာ အဆင့်မြင့် သံနှင့်သံမဏိများအား ပြုလုပ်ကြောင်းသိရှိပြီး အဆင့်မြင့် သံနှင့်သံမဏိ စက်ရုံများအား တရုတ်နိုင်ငံအတွင်း၌သာတည်ရှိပြီး ကမ္ဘာ့အကြီးဆုံး မဂ္ဂနီစ်ဈေးကွက်မှာလည်း တရုတ်နိုင်ငံ ဖြစ်ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံမှလည် ဓါတ်ခဲအသုံးပြုသည့်နေရာတွင်သာ မြန်မာနိုင်ငံမှ မဂ္ဂနီစ်ဒိုင် အောက်ဆိုဒ်များအားဝယ်ယူအသုံးပြုခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ဓါတ်ခဲများအား အားဖရိကဈေးကွက်သို့ သာတင်ပို့နိုင်ခြင်းဖြစ်သည်။
“တာချီလိတ်မှာ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ်ကို အဆင့်မြင့်သန့်စင်စက်တည်ဆောက်ဖို့ နိုင်ငံခြားက ရင်းနှီးမြှပ်နှံသူတွေလာကြည့်ပါတယ်။ ဒါပေမယ့် သူတို့က လျှပ်စစ်မီး အပြည့်အ၀မရတာရယ် မီတာခ ဈေးနှုန်းတက်ကြီးတာကြောင့် မလုပ်နိုင်ဘူး နောက်ပြီး လမ်းပန်းဆက်သွယ်ရေးလဲသိပ်မကောင်းတော့ စရိတ်စကနဲ့ဘယ်လိုမှမတတ်နိုင်ဘူး”ဟု တာချီလိတ် သတ္တုထုတ်လုပ်သူ တစ်ဦးကပြောသည်။
တာချီလိတ်ဒေသ၊ အားရဲဒေသအတွင်းရှိ မဂ္ဂနီဒိုင်အောက်ဆိုဒ်များအား အများအားဖြင့် ထိုင်းနိုင်ငံမှ ၀ယ်ယူသည့်နိုင်ငံများသို့ တဆင့်ပြန်လည်သွင်းရခြင်းဖြစ်ခြင်းဖြစ်သည့်အတွက် ၀ယ်ယူသူများမှလည်း ဈေးနှုန်း မကိုက်ခြင်းကြောင့် မဂ္ဂနီစ်ထုတ်လုပ်သူများမှာ ထုတ်လုပ်ရောင်းချမှုများ(၂)နှစ်ခန့် ရပ်ဆိုင်းထား ရကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  )