တာချီလိတ်မြို့အတွင်းရှိ ရန်အောင်မြေရပ်ကွက်မှ မူလွန်(ရန်အောင်မြေ)အခြေခံပညာကျောင်းသည် ကျောင်းသားဦးရေနှင့် စာသင်ခန်း မမျှတခြင်းကြောင့် စာသင်ကြားရာတွင် အနီးရှိ ရန်အောင်မြေဘုန်းကြီးကျောင်းအတွင်း ကလေးများ ခွဲ၍ သင်ကြားနေရကြောင်းသိရသည်။
`ကျောင်းမှာ ကလေးတွေက မနှစ်ကထက်ပိုများလာတယ် အဓိက သူငယ်တန်းနဲ့ မူလတန်းအဆင့်ကလေးတွေများလာတာ´ဟု ကျောင်းဆရာတစ်ဦးမှပြောသည်။
ရန်အောင်မြေရပ်ကွက်သည် တာချီလိတ်မြို့သို့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးခရိုင်အတွင်းမှ မိသားစုလိုက် ရွှေ့ပြောင်းလာရောက်အလုပ်လုပ်ကိုင်သော လူဦးရေများပြားလာခြင်းကြောင့် ကျောင်းအပ်ချိန်တွင် ကလေးများ များပြားလာခြင်းဖြစ်ကြောင်းသိရသည်။
`ကျောင်းမှာ အဆောက်အဦဆောက်ဖို့ကလဲ နေရာကမရှိတော့ဘူး ကျောင်းနဲ့ကပ်လျှက်က လယ်ယာစိုက်ပျိုးရေးဦးစီးဌာနပိုင်မြေကွက်လွတ်တွေရှိတယ် ဒါပေမယ့် အစိုးရဌာနအချင်းချင်းညှိပြီး မြေကွက်ရအောင်လုပ်ပေးနိုင်ရင်အဆင်ပြေတယ်´ဟု ရှမ်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးဦးစိုင်းအိုက်ပေါင်းလာရောက်စဉ်က စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးမှလဲဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
လိုအပ်သော စာသင်ကျောင်းနဲ့ ပတ်သက်လို့ ယခင်က ပါလျှံရပ်ကွက်၊ ယခုတော့ ရန်အောင်မြေရပ်ကွက်လို့ ခေါ်တွင်လာပြီး အဲ့ဒီမှာရှိတဲ့ မူလွန်(ရန်အောင်မြေ)ဟာ ကျောင်းခန်းပမာနနှင့်ကျောင်းသားအင်အား ပမာန မညီမျှသဖြင့် ယခုအခါ ကျောင်းခန်း(၃)ခန်းစာခန့် ကျောင်းနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ရန်အောင်မြေဘုရားကြီးကျောင်းတိုက်မှာ ခွဲပြီးတော့ ကလေးတွေကို ပညာသင်ပေးနေရကြောင်း သိရသည်။
ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင် ကျောင်းသားဦးရေ(၃၀၀)ခန့်ရှိသော်လည်း ယခု(၂၀၁၅)ခုနှစ်ပညာသင်နှစ်တွင် (၅၀၀)ခန့်ဖြစ်လာ၍ ကျောင်းအဆောင်မလောက်ငခြင်းဖြစ်ကြောင်းသိရသည်။
ပညာရေးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် တစ်ခုလုံးမှာ ထက်/လယ်/မူ အခြေခံပညာစာသင်ကျောင်း စုစုပေါင်း (၁၀၃)ကျောင်းခန့်ရှိလာပြီဖြစ်ပါတယ်။
တာချီလိတ်မြို့အတွင်းရှိ ရန်အောင်မြေရပ်ကွက်မှ မူလွန်(ရန်အောင်မြေ)အခြေခံပညာကျောင်းသည်
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024