မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း(၈)ခုအနက် တာချီလိတ်မြို့၊ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တင်သွင်းသော ကုန်ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရမှ အခွန်(၃%)ကောက်ခံခြင်းဖြစ်ပြီး ဗဟိုအစိုးရသို့ပေးဆောင်ရသော ဘဏ္ဍာငွေနှင့်သက်ဆိုင်ခြင်းမရှိကြောင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှသိရသည်။
"ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ကောက်ခံတဲ့ အခွန်(၃%)ဆိုတာ ကျွန်တော်တို့ Mobile Team ရုံးတည်ရှိတဲ့ မယ်ယန်းကနေ (၈)မိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် ရှမ်းပြည်နယ်အစိုးရကကောက်ခံတာပါ၊ မယ်ယန်းMobile Team စစ်ဆေးရေးဂိတ်ကကျော်သွားတော့ ဘယ်ကုန်ပစ္စည်းမဆို သတ်မှတ်ထားတဲ့ အခွန်နှုန်းထားအတိုင်း နိုင်ငံတော်အစိုးရ(ဗဟို)ကိုပေးဆောင်ရမှာပါ၊ အမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်ကဖြတ်ရင်(၃%)မပေးရပါဘူး"ဟု တာချီလိတ် Mobile Team မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှပြောသည်။
တစ်ဖက်နိုင်ငံမှ တင်သွင်းလာသော တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများအား နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများအတွက် အခွန်(၃%)ပေးဆောင်ရမှုမှာ တာချီလိတ်မြို့တွင်သာရှိပြီး၊ ကျန်ပြည်နယ်နှင့်တိုင်းများရှိ စစ်ဆေးရေးဂိတ်(၈)ခုတွင် မရှိကြောင်း၎င်းထံမှသိရသည်။
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပသော နယ်စပ်များတွင် ဒေသသုံးပစ္စည်းများအား တစ်ပိုင်တစ်နိုင် တင်သွင်း/တင်ပို့မှုအပါအ၀င် တရားဝင်ကုန်စည်စီးဆင်းရေး ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်အစိုးရမှ ကောက်ခံခြင်းဖြစ်ကြောင်းသိရသည်။
တစ်ပိုင်တစ်နိုင်သယ်ယူမှုတွင် လူတစ်ဦးလျှင် အနည်းဆုံး ကျပ်(၁၀)သိန်းအထိသာ ခွင့်ပြုထားပြီး၊ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများသာပါဝင်ပြီး၊ ဆေးဝါးပစ္စည်များပါဝင်ခြင်းမရှိကြောင်းသိရသည်။
(၃%)
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024