တာချီလိတ်၌ နွေရာသီ အခြေခံ

တာချီလိတ်၌ နွေရာသီ အခြေခံ
ဧပြီ 19, 2016
By Tachileik News Agency

တာချီလိတ်၌ နွေရာသီ အခြေခံ အားကစားသင်တန်းအဖြစ် ကြက်တောင်ရိုက်သင်တန်းကို အခမဲ့ သင်ကြားပေးမည်
http://www.tachileik.net/2016/04/badminton.html
...........
တာချီလိတ်၊ ဧပြီလ(၁၉)
တာချီလိတ်ခရိုင် အား/ကာ နှင့် တာချီလိတ်ကြက်တောင်ဆပ်ကော်မတီတို့မှ ကြက်တောင်ရိုက် ကစားသမား မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရေးအတွက် နွေရာသီသင်တန်းအဖြစ် ကြက်တောင်ရိုက်သင်တန်းကို မေလ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူများအနေ
ဖြင့် ဧပြီလ(၂၉)ရက်နေ့ နောက်ဆုံးထားကာ အောက်ဖော်ပြပါ လိပ်စာများတွင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား တာချီလိတ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ ၂၀၁၆ ခုနှစ် မေလ(၁)ရက်နေ့မှ စ၍ (၁)လတိတိ သင်ကြားပေးမည်ဖြစ်ပြီး ယနေ့မှ စ၍ ဧပြီလ(၂၉)ရက်နေ့ နောက်ဆုံး ထားကာ စာရင်းပေးသွင်းနိုင်ကြောင်း နှင့် သင်တန်းမှ ထွက်ပေါ်လာမည့် ပြိုင်ပွဲ၏ ဆုပေးပွဲကို မေလ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။
တက်ရောက်လိုသည့် သင်တန်းသားများအား အသက်(၁၂)နှစ်အထက် သတ်မှတ်ထားပြီး သင်တန်းကြေး သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
ဦးစိုင်းဇော်မိုး
အတွင်းရေးမှူး
တာချီလိတ်ကြက်တောင်ဆပ်ကော်မတီ
ရွေကျွန်းညို မိုတယ်။
အားကစားရုံအနီး၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၉၅၂၄၀၅၉၈
ထိုင်းဖုန်း။ ။ 0979739417
.....
အား/ကာမှူး
အားကစားရုံ၊ တာချီလိတ်။
.....
ကိုမြင့်သန်း
Star ဆိုင်းဘုတ်
အထက(တာချီလိတ်)ကျောင်းရှေ့၊ တာချီလိတ်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net