ထိုင်းနိုင်ငံ၏ လိုအပ်လျှက်ရှိသော လျှပ်စစ်ဓါတ်အား ဖြည့်စွမ်းနိုင်ရန်အတွက် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးစက်ရုံကို ထိုင်းနိုင်ငံနယ်စပ် လာအိုနိုင်ငံတွင် တည်ဆောက်လျှက်ရှိရာ ပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။
(၃.၇)ဘီလီယံဒေါ်လာ အကုန်ကျခံတည်ဆောက်ထားသည့် ကျောက်မီးသွေးစက်ရုံဟာ ထိုင်းနိုင်ငံမှ အိမ်ထောင်စု(၂)သန်းခန့်အား လျှပ်စစ်မီးဖြည့်တင်းပေးနိုင်မှာဖြစ်ပြီး ဒီကျောက်မီးသွေးစက်ရုံမှ ကျောက်မီးသွေး လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာမှာကတော့ ကြီးမားသည့် အဆိပ်အတောက်တွေနဲ့ လောင်စာရုပ်ကြွင်းတွေဖြစ်တဲ့အတွက် စွမ်းအင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေက လာအိုနိုင်ငံအတွင်းမှာ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ နိုင်ငံအတွင်း လိုအပ်လျှက်ရှိသော လျှပ်စစ်ဓါတ်အားများရရှိရန် အနီးပါတ်ဝန်းကျင်ရှိ နိုင်ငံများ၏ စွမ်းအင်အရင်းအမြစ်များအားတင်သွင်းသုံးစွဲနေရပြီး ကျေးလက်ဒေသများတွင် ထင်းနှင့်စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းရှားပါးလာမှုကြောင့် လျှပ်စစ်ဓါတ်အားပိုမိုလိုအပ်လျှက်ရှိနေပါတယ်။
အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးဝယ်ယူတဲ ဈေးကွက်ကြီးဖြစ်တဲ့ တရုတ်နိုင်ငံဟာလဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ပိတ်သိမ်းလာခြင်းကြောင့် လိုအပ်လျှက်ရှိသော ၀ယ်လိုအားများဖြည့်တင်းနိုင်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံဟာ လိုအပ်လျှက်ရှိသော လျှပ်စစ်ဓါတ်အားရဲ့(၇%)ကို အသက်သာဆုံးဈေးနဲ့ လာအိုနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှ တင်သွင်းလျှက်ရှိပြီး မြန်မာနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့မှလဲ တင်သွင်းပါသည်။ ၁၉၉၀ ခုနှစ်ကတည်းက အိမ်နီးချင်းနိုင်ငံများနှင့် ထိုင်းနိုင်ငံရဲ့လျှပ်စစ်ဓါတ်အားတင်သွင်းမှုအား မဟာဗျူဟာကျ ကွန်ယက်များချိတ်ဆက်ပြီးဆောင်ရွက်လျှက်ရှိပါသည်။
ထိုင်းနိုင်ငံရဲ့ လျှပ်စစ်တင်သွင်းမှုများဟာ အိမ်နီးချင်းဒေသများအတွင်းရှိ ပြည်သူလူထုများနှင့် သဘာဝပါတ်ဝန်းကျင် ဂေဟစနစ်အား စိန်ခေါ်မူများအဖြစ်တည်ရှိနေကြောင်း သြစတီလျှနိုင်ငံအခြေစိုက် အဖွဲ့စည်းနှင့် Sunrise Project ပိစိဖိတ်ကျောက်မီးသွေးကွန်ယက်မှ ထုတ်ပြန်ကြေငြာထားပါသည်။
တစ်ချိန်တည်းမှာဘဲ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများတွင် ကြီးမားတဲ့ ကျောက်မီးသွေးလျှပ်စစ်စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိရာ (၇၀၀၀)မီဂါဝဂ်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို လာအိုနိုင်ငံမှာတည်ဆောက်ခဲ့ပါတယ်။
လာအိုနိုင်ငံ ကျောက်မီးသွေးစီမံကိန်းကို (၅)နှစ်အတွင်းအပြီးတည်ဆောက်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် (၁၈၇၈)မီဂါဝဂ်ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှ Banpu Public Co.Ltd., နှင့် Ratchaburi Electricity Generating Holding Public Co.Ltd တို့မှ(၄၀%)ကျထည့်ပိုင်ဆိုင်ကာ လာအိုနိုင်ငံမှ (၂၀%)ပိုင်ဆိုင်ကြပါတယ်။
ဒီစက်ရုံကြီးဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းနှင့်(၁၉)မိုင်ခန့်သာကွာဝေးပြီး အရှေ့တောင်အာရှရဲ့ လိုအပ်နေတဲ့ လျှပ်စစ်ဈေးကွက်ကိုဖြည့်တင်းနိုင်မယ်လို့ဆိုပါတယ်။
သက်ဆိုင်ရာကုမ္ပဏီများကလဲ ကျောက်မီးသွေးတူးဖေါ်ရေးလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွန်းနှင့်ညီအောင် ဆောင်ရွက်ထားရှိပြီး လာအိုနိုင်ငံအစိုးရအား အစီရင်ခံစာပုံမှန်ပိုပေးလျှက်ရှိကြောင်းပြောဆိုထားပါတယ်။
ထွက်ရှိလာတဲ့ လျှပ်စစ်(၈၈%)နှုန်းအား ထိုင်းနိုင်ငံသို့တင်ပို့မှာဖြစ်ပြီး ဒေသခံတွေအတွက် လမ်းနှင့်ကျောင်းများ တစ်ခြားလိုအပ်ချက်များနှင့် အခွင့်အလမ်းများဖေါ်ဆောင်ပေးမည်ဟုဖေါ်ပြထားပြီး လာအိုနိုင်ငံအနေနှင့် ၀င်ငွေစဉ်ဆက်မပြတ်ရရှိနေမှာဖြစ်ပါတယ်။
ထိုင်းငံဟာ ၁၉၇၀ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်းခရိုင်အတွင်း မယ့်မောကျောက်မီးသွေးစက်ရုံအား တည်ဆောက်ထားရှိရာ ဒေသခံများ ရာကျော်သေဆုံး၍ ကင်ဆာနှင့် အခြားရောဂါဝေဒနာများခံစားရပြီး သက်ရှိသတ္တ၀ါများသေကြေပျက်စီးခဲ့ကာ သဘာဝပတ်ဝန်းကျင်အား အန္တရာယ်များဖြင့် ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားတွေကိုတော့ အိမ်နီးချင်းနိုင်ငံများမှ သဘာဝဓါတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးစက်ရုံတို့မှ ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူဖြည့်တင်းလျှက်ရှိပါသည်။
၂၀၁၄ အောက်တိုဘာ အတွင်း ရေးထိုးခဲ့သော ထိုင်း၊ မြန်မာ၊ ဂျပန်သဘောတူညီချက်အရ (၂၆၄၀)မီဂါဝဂ်ရှိသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအား မြန်မာနိုင်ငံ မြိတ်မြို့တွင်တည်ဆောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။