တာချီလိတ်မြို့ရှိ "Club 7 ကြယ်ပွင့်လေးများ" အစီအစဉ်ဖြင့် ပထမအကြိမ် အမျိုးသမီး သီးသန့် အဆိုပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူ

တာချီလိတ်မြို့ရှိ "Club 7 ကြယ်ပွင့်လေးများ" အစီအစဉ်ဖြင့် ပထမအကြိမ် အမျိုးသမီး သီးသန့် အဆိုပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူ
သြဂုတ် 31, 2013
By Tachileik News Agency

ဂီတ၀ါသနာရှင်များအတွက် တာချီလိတ်မြို့တွင် ပထမဦးဆုံး ပေါ်ထွက်လာသည့် "Club 7 ကြယ်ပွင့်လေးများ"မှ ပထမအကြိမ် အမျိုးသမီး သီးသန့် အဆိုပြိုင်ပွဲတွင် ဆုလာဘ်များစွာဖြင့် ပြုလုပ်ကျင်းပပေးမည်ဖြစ်ရာ ၁.၉.၂၀၁၃ ရက်နေ့မှ ၃၀.၉.၂၀၁၃ ရက်နေ့ထိ လျှောက်လွှာများကို လက်ခံနေပြီဖြစ်ပြီး လာရောက်လျှောက်ထားသူများအနေဖြင့်  အသက် ၁၇ နှစ်မှ ၂၅ နှစ်အရွယ်ထိသာ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာမှာ လူဦးရေအကန့်အသတ်မရှိ လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားသူ များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် သီချင်း ၃ပုဒ် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ရမည့် သီချင်းများ အနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ ရှမ်း၊ တရုတ်သီချင်းများကို သတ်မှတ်ထားသော်လည်း အဓိကအားဖြင့် မြန်မာသီချင်းနှင့် အင်္ဂလိပ်သီချင်း ဆိုတတ်လျှင်လည်း လျှောက်ထားလို့ရမှာဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား အဆင့် ၄ ဆင့် သတ်မှတ်ထားရာ ပထမအဆင့်တွင် ပါဝင်ယှဉ်ပြိုင်သူများထဲမှ ရမှတ်အများဆုံး ၁၀ ဦးကို ရွေးချယ်မှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့်  ထို ၁၀ ဦးအား ဆက်လက်၍ ယှဉ်ပြိုင်စေရာ ၁၀ ဦးထဲမှာ ရမှတ်အများဆုံး ၆ ဦးကို ရွေးချယ်မှာဖြစ်ပြီး တတိယအဆင့် အနေဖြင့် ၆ ဦးထဲမှ အကောင်းဆုံး ၃ ဦးကို ရွေးချယ်ကာ နောက်ဆုံးအဆင့် အနေဖြင့် ပထမ - ဒုတိယ နှင့် တတိယ ရွေးချယ်မှာဖြစ်ကြောင်း နှင့် အဆိုပါ သုံးဦးအား ကိုယ်ပိုင်သံစဉ်များဖြင့်သာ VCD ကာရာအိုကေ တစ်ခွေ ရိုက်ကူးရန်အတွက် စီစဉ်ပေးမှာဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အကန့်အသတ်မရှိ လျှောက်ထားသော လျှောက်လွှာရှင်များအနေဖြင့် ပါဝင် သီဆိုပြိုင်ရာမှာ မိမိတို့ကြိုက်နှစ်သက်သော သီချင်းအား ကာရာအိုကေဖြင့်သာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ ထိုအထဲမှာမှ အမှတ်အများဆုံးရရှိသူ ၁၀ ဦးအား ရွေးချယ်ကာ အမှတ်အများဆုံး ၆ ဦးအား ထပ်မံရွေးချယ်ရန်အတွက် ကာရာအိုကေဖြင့်သာ သီဆို၍ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရအမှတ်အများဆုံး ၆ ဦးအား ရွေးချယ်ပြီးသည့်နောက်မှာ ကာရာအိုကေဖြင့် သီဆိုပြိုင်ခွင့်မရှိတော့ပဲ၊ Club 7 စားသောက်ဆိုင် ရှိ MGM BAND တေးဂီတအဖွဲ့၏ တီးဝိုင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း နှင့် နောက်ဆုံးအဆင့် ၃ သည်လည်း တီးဝိုင်းဖြင့် ပထမ- ဒုတိယ- တတိယ အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရသည်။

ထိုသို့ ယှဉ်ပြိုင်ရာမှာ ရရှိမည့် ဆုများအနေဖြင့်
၁၀ ဦး ဆု
ပထမ ၁၀ ဦး အသုတ်အား တစ်ဦးလျှင် ၂၀၀၀ ဘတ် နှင့် လက်ဆောင်ပစ္စည်း၊
၆ ဦး ဆု
ဒုတိယ ၆ ဦး အသုတ်အား  တစ်ဦးလျှင် ၅၀၀၀ ဘတ် နှင့် Club 7 စားသောက်ဆိုင်၏ ရာခိုင်နှုန်းလျော့ကဒ်၊
၃ ဦး ဆု
နောက်ဆုံးအဆင့် ၃ ဦးအား
ပထမဆု - ၃၀၀၀၀ဘတ်(ကျပ် ၁၀သိန်းခန့်) နှင့် Club 7 စားသောက်ဆိုင်တွင် လစာနှင့်အတူ အလုပ်လုပ်ခွင့် အပါအ၀င် အခြားလက်ဆောင်များ၊
ဒုတိယဆု - ၁၅၀၀၀  ဘတ် (ကျပ် ၅သိန်းခန့်) နှင့် အခြားလက်ဆောင်များ၊
တတိယဆု - ၁၀၀၀၀ ဘတ် (ကျပ် ၃သိန်းခန့်) နှင့် အခြားလက်ဆောင်များ၊
( မှတ်ချက်။      ။ နောက်ဆုံး ဆုရရှိသူ ၃ ဦးအနေဖြင့် Club 7 စားသောက်ဆိုင်တွင် လစာနှင့်အတူ အလုပ်လုပ်လိုပါက လုပ်ခွင့်ပေးမှာဖြစ်ပြီး၊ ကိုယ်ပိုင်သံစဉ် vcd ကာရာအိုကေ တစ်ခွေလည်း ထုတ်ပေးမှာ ဖြစ်သည်။ )

"အခုလို အဆိုပြိုင်ပွဲကို တာချီလိတ်မြို့နယ်တစ်ခုတည်းက မဟုတ်ပဲ တခြားမြို့နယ်တွေကလည်း လာပြိုင်ချင်တယ်ဆိုရင် လက်ခံပါတယ်၊ အဲ့လို လာပြိုင်တဲ့ ၀ါသနာရှင်တွေကို ယှဉ်ပြိုင်စဉ်ကာလအတွင်း နေဖို့အတွက် တာဝန်ယူပါတယ်၊ အဲ့လို တာဝန်ယူရာမှာလည်း ယှဉ်ပြိုင်မည့်သူကို တစ်ယောက်တည်းကိုပဲ တာဝန်ယူမှာပါ၊"ဟု Club 7 စားသောက်ဆိုင် မန်နေဂျာ မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

လျှောက်လွှာအား အောက်ပါ လိပ်စာပါရှိသော Club 7 စားသောက်ဆိုင် တွင် သွားရောက်၍ ထုတ်ယူနိုင်မှာဖြစ်ပြီး  http://goo.gl/1QcgPz ကို နိပ်၍လည်း Download ရယူ၍ ဖောင်ဖြည့်ကာ ကျပ်၅၀၀၀ ပေးသွင်းပြီး လျှောက်ထားနိုင်မှာဖြစ်သည်။

ဆက်သွယ်စုံစမ်းနိုင်ရန် နှင့် လျှောက်လွှာလက်ခံရာ ဌာန
Club 7 စားသောက်ဆိုင်
မယ်ခေါင်ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး၊ တာချီလိတ်မြို့။
ထိုင်းဖုန်း ။ ။ 083-5162304 ၊ 080-4977805
မြန်မာဖုန်း ။ ။ 09-428223975
Facebook ။        ။ Club 7 ကြယ်ပွင့်လေးများ

ယခု ပထမအကြိမ်တွင် အမျိုးသမီး သီးသန့် ယှဉ်ပြိုင်ပွဲဖြစ်ပေမဲ့လည်း နောက် ဒုတိယအကြိမ်တွင် အမျိုးသားများပါ ပါဝင် ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ အထက်ပါ လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းနိုင်သလို Facebook ( Club 7 ကြယ်ပွင့်လေးများ )တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Flag Counter