တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းသားတစ်ဦး ကွမ်းယာငုံ၍ အိပ်ရာမှ အောက်တိုဘာ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကွမ်းသီး၍ သေဆုံးသွားကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှသိရသည်။
"ဘုန်းကြီးကျောင်းသားတစ်ယောက်ပါ မနက်ဆွမ်းထချက်ပြီး တစ်ရေးတစ်မောပြန်အိပ်တာတဲ့ အဲ့ဒါအိပ်ယာကနိုးကြည့်တော့ နိုးလို့မရတော့ဘူး သေနေတယ်လို့ ကျွန်တော်တို့ အသင်းကို အကြောင်းကြားလာလို့ ဆေးရုံပို့ပြီး အသုဘအတွက်ကူညီခဲ့တာပါ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်းသား မောင်ဝင်းဇော်ဦးမှပြောသည်။
သေဆုံးသွားသူမှာ တာချီလိတ်မြို့ မဟာဂန္ဓာရုံသဒ္ဓမ္မဝိဟာရ သာမဏေကျော်စာသင်တိုက်မှ အသက်(၃၅)နှစ်အရွယ် ဘုန်းကြီးကျောင်း မောင်မြတ်နိုး
ဖြစ်ပြီး၊ ဆေးရုံဆေးစစ်ချက်အရ ပြင်ပဒဏ်ရာတစ်စုံတစ်ရာနှင့် မည်သည့် ရောဂါလက္ခဏာမှ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
"ကွမ်းငုံလို့ သီးပြီးသေတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါဘဲကြားဖူးတာ၊ အိပ်တဲ့အချိန်မှာ ပါစပ်ထဲ ဘာမှမထည့်သင့်ဘူး၊ အရင်က လသားအရွယ် ကလေးတစ်ယောက် နို့သီးပြီးဆုံးသွားတာရှိဖူးတယ်၊ အမေက ကလေးနို့ငုံထားတာ မသိဘူး ကလေးက အသက်ရှူကြပ်ပြီးပြာနှမ်း အချိန်မမှီတော့မယ် သိတာ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေမှပြောသည်။
ကွမ်းသီးသေဆုံး
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024