မိုးသက်လေပြင်းကြောင့် မိုင်းဖြတ်မြို့နယ်အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအပါအဝင် အိမ်ခြေ ၁၅ လုံးပျက်စီး

မိုးသက်လေပြင်းကြောင့် မိုင်းဖြတ်မြို့နယ်အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအပါအဝင် အိမ်ခြေ ၁၅ လုံးပျက်စီး
ဧပွီ 25, 2018
By Tachileik News Agency

မိုးသက်လေပြင်းကျရောက်ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)စုတွင် စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း အိမ်ခြေ(၁၅)လုံး ဆုံးရှုံးပျက်စီးသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာအုပ်စုနှင့် အိုက်လုံကျေးရွာအုပ်စုများတွင် ၂၀၁၈ ခုနှစ် ဧပြီလ(၂၄)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးရွာသွန်းမှုကြောင့် အိမ်ခြေပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ယွန်းကျေးရွာတွင် အိမ်ခြေ(၂)လုံး၊ နမ့်ကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် အိမ်(၁)လုံး၊ ပါဆန်းကျေးရွာတွင် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် အိမ်ခြေ (၉)လုံး၊ ဟကြားမုဒိကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး အမကကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မိုးသက်လပြေင်းကျရောက်ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)စုတွင် စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း အိမ်ခြေ(၁၅)လုံး ဆုံးရှုံးပျက်စီးသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာအုပ်စုနှင့် အိုက်လုံကျေးရွာအုပ်စုများတွင် ၂၀၁၈ ခုနှစ် ဧပြီလ(၂၄)ရက်နေ့ ညပိုင်းက လပြေင်းတိုက်ခတ်မှုနှင့်အတူ မိုးရွာသွန်းမှုကြောင့် အိမ်ခြေပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လပြေင်းတိုက်ခတ်မှုကြောင့် နမ့်ယွန်းကျေးရွာတွင် အိမ်ခြေ(၂)လုံး၊ နမ့်ကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် အိမ်(၁)လုံး၊ ပါဆန်းကျေးရွာတွင် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် အိမ်ခြေ (၉)လုံး၊ ဟကြားမုဒိကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး အမကကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကိုဒါဝိတ်၊ ဦးဒံယေလှ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~