ဇောင်းညီ – Tachileik News Agency
တာချီလိတ်၊ ဧပြီလ (၃) ရက်
ထိုင်းနိုင်ငံအတွင်း နေထိုင်သော ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများအနေဖြင့် မော်တော်ဆိုင်ကယ် အသုံးပြုမှုများသဖြင့် နစ်နာမှုမရှိစေရန် ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်းဥပဒေအတိုင်း ယာဉ်မောင်းလိုင်စင် ပြုလုပ်ထားရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းနေထိုင်သူ ဒေသခံများထံမှ သိရသည်။
“ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံသားတွေအနေနဲ့ အဓိက စီးတာက မော်တော်ဆိုင်ကယ်ကို စီးကြပါတယ်။ ဒါကြောင့် သူတို့နိုင်ငံသားနဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ဖက်က ထိုင်းယာဉ်မောင်းလိုင်စင် မရှိခဲ့ဘူးဆိုရင် အများကြီးနစ်နာပါတယ်။ လျော်ကြေးလည်းမရနိုင်သလို တရားပါပြန်စွဲခံရနိုင်ပါတယ်။” ဟု မယ်ဆိုင်မြို့တွင်နေထိုင်သူပြီး မြန်မာနိုင်ငံသားများအား ကူညီပေးနေသူ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားဖြင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်၍ရကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ယာဉ်စည်းကမ်းဥပဒေနဲ့လည်း သိပ်မကွာပါဘူး။ အဓိကက မြန်မာနိုင်ငံသားများအနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းရမယ်၊ ယာဉ်မောင်းလိုင်စင်လည်းရှိရမယ်။ သူတို့နိုင်ငံမှာတော့ မူးယစ်သောက်စားပြီး မောင်းနှင်တာက ပိုအပြစ်ကြီးတယ်။ နောက်ပြီး အဲလိုမောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်တဲ့အခါ ဦးထုပ်လည်း မဆောင်းဘူး။ ယာဉ်မောင်းလိုင်စင်လည်း မရှိဘူးဆိုရင်တော့ ပိုပြီးအပြစ်ကြီးသွားမှာပါ။”ဟု CNCMC လုပ်ငန်းအကောင်ထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။
ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်းဥပဒေအရ ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင် ဒဏ်ငွေ (၂၀၀)ဘတ်ဆောင်ရပြီး ယာဉ်မောင်းလိုင်စင်မရှိလျှင် ဒဏ်ငွေ (၄၀၀)ဘတ်အထိ ပေးဆောင်ရကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်လျှက်ရှိသော ရွေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားအများစုသည် ယာဉ်မောင်းလိုင်စင်မရှိ၍ အရေးယူခံရမှုများသောကြောင့် ယာဉ်မောင်းလိုင်စင်ကို ပြုလုပ်ထားရန် လိုအပ်ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
(တ၀်ရန်) ထိုင်းနိုင်ငံတွင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံ ယာဉ်မောင်းလိုင်စင်ပြုလုပ်ရန်လို
Featured News
ဖေဖော်ဝါရီ 10, 2025
ဖေဖော်ဝါရီ 9, 2025
ဖေဖော်ဝါရီ 8, 2025
ဖေဖော်ဝါရီ 6, 2025
ဖေဖော်ဝါရီ 6, 2025