(တင်ရန်) သတ္တုဈေးနှုန်းကျဆင်းနေ၍ ကုန်ကြမ်းကို ပြင်ပတင်ပို့မှုမရှိတော့

(တင်ရန်) သတ္တုဈေးနှုန်းကျဆင်းနေ၍ ကုန်ကြမ်းကို ပြင်ပတင်ပို့မှုမရှိတော့
အောက်တိုဘာ 19, 2016
By Tachileik News Agency

ဇွဲမြတ် - Tachileik News Agency
တာချီလိတ်၊ အောက်တိုဘာလ (၁၆) ရက်
နိုင်ငံတကာ သတ္တုဈေးကွက်တွင် သတ္တုဈေးနှုန်းကျဆင်းနေသည့်အတွက် ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ သတ္တုထွက်ကုန်များကို မိုင်းတွင်းတွင် လွှဲပြောင်းရောင်းချလာကြကြောင်း သိရသည်။
"မဂ္ဂနိ(စ်)ဒိုင်အောက်ဆိုဒ်ကတော့ အရောင်းအ၀ယ်ကို မရှိသလောက်ပါးသွားတယ်။ ဒါပေမဲ့ အခုဒီရက်ပိုင်း မှာတော့ ကျဈေးနဲ့တော့ အရောင်းအ၀ယ်ဖြစ်တာပေါ့နော်။ ကျဈေးဆိုတာ့ (၁)တန်ကို ဒေါ်လာ(၂၀)နဲ့  (၃၀)ကြားလောက်ကိုပဲ မိုင်းထဲမှာ လွှဲပြောင်းရောင်းချတဲ့စနစ်နဲ့တော့ အရောင်းအ၀ယ်ဖြစ်တယ်။"ဟု စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရးကုမ္ပဏီမှ ဦးတင်နွယ်က ပြောသည်။
နိုင်ငံတကာ သတ္တုဈေးကွက်မှာ ကျဆင်းလာသည်မှာ (၃)နှစ်ခန့် ရှိနေပြီဖြစ်သည့်အတွက် သတ္တုကုန်ကြမ်း များအား ယခင်က တစ်တန်လျှင် ဒေါ်လာ (၆၀)နှုန်းဖြင့် တဖက်နိုင်ငံသို့တင်ပို့ရောင်းချနေရာမှ ယခုအချိန်တွင် ဒေသတွင်းမှာပင် (၁)တန်လျှင် ဒေါ်လာ(၂၀)နှင့် (၃၀)အကြားတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။
"အခုလို သတ္တုဈေးကွက်ပျက်နေတဲ့အတွက် သတ္တုမထုတ်နိုင်တဲ့အချိန်ကျတော့ မထုတ်တဲ့အတွက် လုပ်ငန်းတွေ ရပ်ထားတယ်။ ဒီတော့ အလုပ်သမားတွေ လျှော့ထားရတာပေါ့။ ၀င်ငွေလည်းမရှိတဲ့အတွက် လုပ်ငန်းတွေလည်း မတိုးချဲ့ နိုင်ဘူးပေါ့။"ဟု ဦးတင်နွယ်ကပြောသည်။
သတ္တုလုပ်ငန်းရှင်များအနေဖြင့် မဂ္ဂနိ(စ်)ဒိုင်အောက်ဆိုဒ်ထုတ်လုပ်ရာတွင် ယခင်က တစ်လလျှင် တန်(၁)ထောင်မှ တန်(၅)ထောင်အထိ တူးဖော်ခဲ့ရသော်လည်း သတ္တုဈေးနှုန်းများ သုံးနှစ်ဆက်တိုက် ကျဆင်းလာသဖြင့် တစ်လလျှင် (၅)တန်မှ (၂၅)တန်အထိသာ လျှော့ချတူးဖော်နေရပြီး အချို့ မှာ လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်းသိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~